Israel,Egypt,Jordan
Day 01: Yangon-Cairo-Nile Cruise (B/L/D)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။
- ကိုင်ရိုလေဆိပ်တွင် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး လိုအပ်သည့် ဆောင်ရွက်ဖွယ်ရာကိစ္စများအား လိုက်လံဆောင်ရွက်ပေးပါမည်။
- ထို့နောက်ကိုင်ရိုမြို့ရှိ ဟိုတယ်တွင် Check in ဝင်၍ ဧည့်လမ်းညွှန်မှ ခရီးစဉ်အသေးစိတ်ကို ရှင်းလင်းပြောပြပါမည်။
- ညစာကို နိုင်းလ်မြစ်ပေါ်တွင် အပျော်စီးသင်္ဘောစီးရင်း သုံးဆောင်ပြီး အီဂျစ်ရိုးရာ ဘဲလေးအက နှင့် ရိုးရာအကပဒေသာ (Tonura Show) များကို ကြည့်ရှုခံစားပါမည်။
- ညပိုင်းတွင် ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။






Day 02: The Egyptian Museum-Great Pyramids- The Sphinx-The Old Cairo-The Church of St Barbara & Abu-Serga (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး လွန်ခဲ့သောနှစ်ပေါင်း ၅, ၀၀၀ ခန့်မှ အံ့သြဖွှယ်ရာ အီဂျစ်လူမျိုးတို့၏ အနုပညာလက်ရာများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်မည့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ပိရမစ်ကြီးများကို သွားရောက် ကြည့်ရှုပါမည်။
- ရှေးခေတ်အီဂျစ်ဘုရင် Tutankhamen ၏ ရွှေ၊ငွေ၊လက်ဝတ်ရတနာများနှင့် အသုံးအဆောင်များအပါအဝင် ရှေးဟောင်းပစ္စည်းအမျိုးပေါင်း ၂၅၀,၀၀၀ ကျော်ခင်းကျင်း ပြသထားရာ ကမ္ဘာကျော် အီဂျစ်အမျိုးသားပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာကြပါမည်။
- ထို့နောက် Cheops, Chephren နှင့် Mykerions အစရှိသော နာမည်ကြီး ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ပိရမစ်များရှိရာသို့ သွားရောက်လေ့လာကြပါမည်။
- King Chephren ၏ မျက်နှာနှင့် ခြင်္သေ့ကိုယ်ခန္ဓာရုပ်ထုဖြင့် တည်ဆောက်ထားသော ကြီးမားလှသည့် ဂူသင်္ချ ိုင်းများရှိရာ Sphinx သို့လည်း သွားရောက်လေ့လာကြပါမည်။






- ပြီးနောက် ကိုင်ရိုမြို့ဟောင်းသို့ ဆက်လက်လည်ပတ်ပါမည်။
- ရာစုနှစ် ၁၀ စု အတွင်း ခရစ်ယာန်ခရီးသွားဘုရားဖူးများ အလည်ပတ်ဆုံးသော နေရာတစ်ခုဖြစ်ပြီး Herod ဘုရင်၏လက်မှ ထွက်ပြေးတိမ်းရှောင်လာသော မိသားစုအား ဖမ်းဆီးထားရာ နေရာတွင် တည်ဆောက်ထားသော The Church of St Borbara Abu.Serga သို့သွားရောက် လေ့လာပါမည်။
- ထို့နောက် Khar El KhaLiLi ဈေးသို့ ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ရင်း နာမည်ကြီး ရေမွှေး၊သားရေ၊ရွှေ/ငွေ များဖြင့် ပြုလုပ်ထားသော အသုံးအဆောင် အမှတ်တရ ပစ္စည်းများ ဝယ်ယူကြပါမည်။
- ညပိုင်းတွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ အေးချမ်းစွာပြန်လည်အိပ်စက် အနားယူပါမည်။
Day 03: St. Catherine-The Mountain Peak (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Saint Catherine ဘုရားကျောင်းရှိရာ Catherine မြို့သို့ ထွက်ခွာပြီး Catherine မြို့ရှိ ဟိုတယ်တွင် Check in ဝင်ပါမည်။
- ထို့နောက် သဲကန္တာရလမ်းခရီးတစ်လျှောက်ရှိ ထွက်မြောက်ရာကျမ်းမှ နေရာများသို့ ဝင်ရောက် လေ့လာပြီးနောက် ညစာသုံးဆောင်ပါမည်။
- မနက် ၁ နာရီအချိန်တွင် Tour Leader နှင့် တွေ့ဆုံပြီး The Park of the Monastery သို့ ခြေလျင် (သို့မဟုတ်) သစ်ကုလားအုပ် ဖြင့် တက်ရောက်ပါမည်။
- ပင်လယ်ရေမျက်နှာပြင်အထက် 2,200 m အမြင့်တွင်ရှိသော The Mountain Peak သို့ လှေကားထစ်ပေါင်း ၇၀၀ မှ တဆင့်ချင်းတက်ရောက်ပြီး နေထွက်ချိန်အလှကို ကြည့်ရှုခံစားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြမှာ ဖြစ်ပါသည်။
- ထို့နောက် ဟိုတယ်သို့ ပြန်လာ၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။



Day 04: St. Catherine-Taba Border-Nazareth (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပိညက်တော် (၁၀) ပါး ရရှိခဲ့ရာ သိနာတောင်ခြေရင်းတွင် တည်ဆောက်ထားသော St.Catherine ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် ဣသရောလ တိုင်းပြည်၊ အစ္စရေးနိုင်ငံသို့ Taba နယ်စပ်ဂိတ်မှတဆင့် ဖြတ်သန်း၍ ခရီးဆက်ပါမည်။
- တာဝန်ရှိသူများမှ လိုအပ်သော လူဝင်မှုပုံစံများကို စီစဉ်ဆောင်ရွက်ပေးပြီး Nazareth ရှိ ဟိုတယ်တွင် Check In ဝင်ရောက်ပါမည်။
- ပြီးနောက် ဟိုတယ်တွင် ညစာသုံးဆောင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။



Day 05: Sea of Galilee-Mt of Beatitudes-Tabgha-Capernaum-Jordan River (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် သခင်ယေရှု ရေပေါ်တွင် လမ်းလျှောက်ခဲ့ပြီး တပည့်တော်များနှင့်အတူ လှေစီးခဲ့သော Galilee အိုင် (Matthew 14:22-23) တွင် အပျော်စီးငါးဖမ်းလှေ စီးကြမည်။
- ထို့နောက် ယေရှု၏ တောင်ပေါ်ဒေသနာ ဟောကြားရာ တောင်တော် Mt. of Beatitudes (Matthew 5:2-16) သို့ သွားရောက်လေ့လာပါမည်။
- ထိုမှတဆင့် ငါးနှစ်ကောင်နှင့် မုန့်ငါးလုံးအား ပွားများစေပြီး လူအစုအဝေးအား ကျွေးမွေးခဲ့သောနေရာ (ရှင်မဿဲ 14:17-21) Tabgha သို့သွားရောက်မည်ဖြစ်ပြီး၊ The Town of Jesus ဟုခေါ်သော ယေရှုသာသနာပြုသောမြို့ Capernaum သို့သွားရောက်လည်ပတ်ကြမည်။
- ဆက်လက်၍ ယေရှုခရစ်ဗိတ္တိဇံ ခံတော်မူသည့် ကမ္ဘာအရပ်ရပ်မှ လာရောက်သူများ ဗိတ္တိဇံခံယူသော ယောဒန်မြစ် (ရှင်မဿဲ 3:13-17) သို့သွားရောက်မည်။









- ထိုမှတဆင့် ဂါဗြေလအမည်ရှိ ကောင်းကင်တမန်မှ မာရိအား ဗျာဒိတ်ပေးသည့်နေရာ (ရှင်လုကာ1: 26-38) ၊ မယ်တော်မာရိ၏အုတ်ဂူ၊ ယောသပ်နှင့်မာရိတို့၏ နေအိမ်နေရာတွင် တည်ဆောက်ထားသော Church of the Annunciation သို့သွားရောက်လည်ပတ်ရင်း မာရိ၏ရေတွင်းနှင့် ယောသပ် အလုပ်လုပ်သော နေရာများကို လိုက်လံ လေ့လာခွင့်ရမည် ဖြစ်သည်။
- သခင်ယေရှု ပထမဦးဆုံး အံ့ဖွယ်နမိတ်လက္ခဏာပြုရာ ရေကို စပျစ်ရည်သို့ ပြောင်းလဲစေခဲ့သော မင်္ဂလာဆောင်ပွဲ ကျင်းပသည့် ကာနရွာ (ရှင်ဟောဟန် 2) ရှိ Wedding Church သို့ သွားရောက်မည်။
- ထို့နောက် Hotel တွင် ညစာသုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။
Day6: Nazareth-Haifa-Caesures-Tel Aviv “Jaff” (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ထွက်ပြီး Stella Maris သို့သွားရောက်ရန် Haife သို့ထွက်ခွာပါမည်။/li>
- ထို့နောက် ဟိုင်ဖာဆိပ်ကမ်းမြို့၏အလှကို ကြည့်ရှုခံစားရင်း ပရောဖက်ဧလိယ နေထိုင်ရာနှင့် ပရောဖတ်ဧလိယမှ ဗာလပရောဖတ် လေးရာ့ငါးဆယ်အား စိန်ခေါ်ပြီးအနိုင်ယူခဲ့သော Stella Maris (ကရမေလတောင်)(ဓမ္မရာဇဝင်တတိယစောင် 18:19-40) သို့သွားရောက်လည်ပတ်ပါမည်။
- ဆက်လက်၍ Roman Aqueducts သို့သွားရောက်လည်ပတ်၍ Caesarea သို့ သွားရောက်ပါမည်။
- Jaffa သို့သွားရောက်ရန် Simon ၏နေအိမ်နှင့် St. Peter’s Church သို့သွားရောက်လည်ပတ်ပြီး Tel Aviv သို့ ဆက်လက်ထွက်ခွာပါမည်။
- ထို့နောက် Bethlehem (ဗက်လင်) ရှိ Hotel တွင် Check in ဝင်ရောက်၍ ညစာသုံးဆောင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။






Day7: Bethlehem-Church of Nativity-Palm Sunday Way-Dominos Felevit-Garden of Gethsemane-Mt Zion(B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ခရစ်တော်မွေးဖွားသည့်နေရာတွင် တည်ဆောက်ထားသော ကမ္ဘာ့ရှေးအကျဆုံး ဘုရားကျောင်းတစ်ခုဖြစ်သည့် Church Of Nativity သို့သွားရောက်လည်ပတ်ကြပါမည်။
- ပြီးနောက် သိုးထိန်းများနေသော အရပ်နှင့် ဥမင်လိုဏ်ဂူတွင် တည်ဆောက်ထားသော Milk Grotto Church သို့သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် Jerusalem သို့သွားရောက်၍ သံလွင်တောင်ပေါ်သို့ သွားရောက်ကာ သန့်ရှင်းမွန်မြတ်သော ယေရုရှလင်မြို့၏ သဘာဝအလှတရားကို ကြည့်ရှုခံစားပါမည်။
- သခင်ယေရှူရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ ဆောင်ယူတော်မူခြင်းခံရသောနေရာ(လုကာ 24:50-51)သို့လည်းကောင်း၊ တပည့်တော်တို့အား ဆုတောင်းဌာပနာတော်(ရှင်လုကာ 11:1-4)သင်ကြားပေးသော နေရာသို့ လည်းကောင်း ဝင်ရောက်လည်ပတ်ကြပါမည်။









- ဆက်လက်၍ ကိုယ်တော်လျှောက်ခဲ့သော သံလွင်ခက် တနင်္ဂနွေလမ်းမ(ရှင်ယောဟန် ၁၂) အတိုင်းလိုက်လျှောက်လျက် ထိုမှတဆင့်ယေရုရှလင်မြို့ကြီးပျက်ဆီးမည့် အကြောင်းကို ကြိုမြင်ပြီး မျက်ရည်ကျတော်မူခဲ့သော နေရာ(ရှင်လုကာ ၁၉:၄၁-၄၂) နှင့် သက်တမ်းရင့် သံလွင်ပင်များရှိရာ သခင်ယေရှု တပည့်တော်များနှင့်အတူ ဆုတောင်းသော ဂေသရှေမန်ဥယျာဉ်(ရှင်ကာလု ၂၂:၃၉-၄၆)သို့ သွားရောက် လည်ပတ်ကြပါမည်။
- ထို့နောက် ကိုယ်တော်အား ရောမစစ်သားများ ဖမ်းဆီးမခေါ်ဆောင်မီ ဆုတောင်းသော ကျောင်းတွင် တည်ဆောက်ထားသော Church of Agony နှင့် ရှင်ပေတရုမှ ကိုယ်တော်အား သုံးကြိမ်တိုင်တိုင် မသိကြောင်း ငြင်းဆိုခဲ့သောနေရာ (ရှင်လုကာ ၂၂: ၃၉-၄၆) သို့ သွားရောက်လည်ပတ်ကြမည်။
- ထို့မှတဆင့် ဇိအုန်တောင်သို့ သွားရောက်ကာ ဒါဝိတ်မင်းကြီး၏အုတ်ဂူနှင့် တပည့်တော် တစ်ဆယ်နှစ်ပါးနှင့်အတူ ကိုယ်တော်နောက်ဆုံးညစာ သုံးဆောင်ရာ အပေါ်ထပ်ဆောင် Upper Room သို့ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက်ညစာသုံးဆောင်ပြီး Hotel သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။
Day 08: Old City of Jerusalem – Wailing Wall – The Dome of the Rock – The Pool of Bethesda- Visitation Church (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ယေရုရှလင်မြို့သို့ ဝင်ရောက်၍ အနာရောဂါများ ငြိမ်းစေရာ Bethesda သို့ဝင်ရောက်လည်ပတ်ပါမည်။
- ဂျူးလူမျိုးတို့၏ အထွတ်အမြတ်ဆုံးနေရာဖြစ်သော အနောက်ဘက်တံတိုင်းသို့ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက်ဂျူး၊ခရစ်ယာန် နှင့် အစ္စလာမ် ဘာသာဝင်များ၏ အရေးပါသော Dome of the Rock ဗိမာန်သို့သွားရောက် လေ့လာပါမည်။
- ထို့နောက် ကိုယ်တော်ကားတိုင်ထမ်း၍ ဂေါလဂါသသို့ သွားသော ဝေဒနာလမ်း (Via Dolorosa) အတိုင်း လိုက်လျှောက်မည်ဖြစ်သည်။






Day 09: Jericho – Dead Sea – Jordan-Amman (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့ရှေးအကျဆုံးမြို့ဖြစ်သော စွန်ပလွန်တို့၏မြို့တော် ယေရိခေါမြို့သို့ သွားရောက်ပါမည်။
- ထို့နောက် ယေရှုခရစ်တော် စုံစမ်းနှောက်ယှက်ခြင်းခံရသောတောင် Mt. of Temptation (ရှင်မဿဲ ၄း၁-၄) နှင့် ဇက္ခဲမှ ကိုယ်တော်အား မြင်တွေ့နိုင်ရန် တက်ခဲ့သော သစ်ပင် Sycamore Tree (ရှင်လုကာ ၁၉း၁-၁၀) သို့ သွားရောက် လည်ပတ်ပါမည်။
- ထို့နောက် ကမ္ဘာ့အနိမ့်ဆုံးနေရာတွင် တည်ရှိသည့် ပင်လယ်သေသို့ သွားရောက်ကာ ရေပေါ်တွင် ပေါလောပေါ် ရေကစားခြင်းနှင့် ပင်လယ်သေရွှံ့စေးဖြင့် ပေါင်းတင်ခြင်း အခွင့်အရေးများ ရရှိမည်ဖြစ်သည်။
- ပင်လယ်သေ (ခေါ်) သောဒုံအိုင် (ယောရှု ၁၂: ၃၊ ၁၅: ၂) သည် သာမန် ပင်လယ်ရေထက် (၁၀) ဆမျှ ပိုငံသည်။



- ထို့နောက် နယ်စပ်ဂိတ်မှတဆင့် ဂျော်ဒန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။/li>
- ဂျော်ဒန်နိုင်ငံသို့ရောက်ရှိသောအခါ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး လိုအပ်သော လူဝင်မှုပုံစံများ လိုက်လံဆောင်ရွက်ပေးပြီး အာမန်မြို့သို့ သွားရောက်မည်ဖြစ်ပါသည်။
- အာမန်ရှိ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 10: Amman City Tour-Queen Alia Airport (B/L/D)
- နံနက်စာသုံေးဆာင်ပြီးနောက် ဂျော်ဒန်နိုင်ငံ၏မြို့တော် အာမန်မြို့အနှံ့ရှိ အထင်ကရနေရာများသို့ လှည့်လည်ကြည့်ရှုလည်ပတ်ပါမည်။ ။
- ထို့နောက် Queen Alia လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ စိတ်ချမ်းမြေ့စွာ ပြန်လည်ထွက်ခွာပါမည်။



- ရန်ကုန်မြို့သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ
- နိုင်ငံတကာ လေယာဉ်လက်မှတ် (ရန်ကုန်-ရန်ကုန်)
- Visa Service နှင့် Visa Fees များ
- 3-4 star အဆင့်ရှိဟိုတယ်များတွင် တည်းခိုခွင့်များ
- ခရီးစဉ်တစ်လျှောက် Air-con car အကြိုအပို့
- နေ့စဉ်အတွက် သောက်ရေသန့်
- ခရီးစဉ်တွင် ဖော်ပြထားသောနံနက်စာ၊နေ့လည်စာ နှင့် ညစာ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- Tour Leader နှင့် English Speaking Guide ဝန်ဆောင်မှု
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသောအအေး နှင့် အဖျော်ယမကာ
- ဟိုတယ်တွင် သုံးစွဲသောရေသန့်၊အအေး၊ အဖျော်ယမကာစသည့် Mini Bar အသုံးပြုခ၊
အဝတ်လျှော်ခနှင့် ဖုန်းသုံးစွဲမှု - လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ
- ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား ပေးရသော မုန့်ဖိုး (Tips)