ဘာလီကျွန်းခရီးစဉ်
Day 01: ရန်ကုန် – အင်ဒိုနီးရှား (- /- / D )
ရန်ကုန်ှ အပြည်ပြည် ဆိုင်ရာလေဆိပ် မှ အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာလေဆိပ်သို့ ထွက်ခွာပြီး နွေးထွေးပျူငှာသောဒေသခံဧည့်လမ်းညွှန်မှ လေဆိပ် တွင် လာရောက်ကြိုဆိုပါမည်။ ထို့နောက် ဟိုတယ်သို့လိုက်ပါပို့ဆောင်ကာဟိုတယ်တွင် အေးချမ်းနှစ်ခြိုက်စွာအိပ်စက်အနားယူပါမည်။









Day 02: ဘာလီ (B/L/D)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Bali ရိုးရာအကများတွင် ထင်ရှားကျော်ကြားသည့် Batubulan ကျေးရွာရှိ Barong & Kris Danceတို့ကို ကြည့်ရှုခံစားမည်။ ထို့နောက် လက်မှုအနုပညာများ၊ ငွေပန်းထိမ်လုပ်ငန်းများနှင့် ရိုးရာနံရံဆေးရေးပန်းချီများကို လေ့လာနိုင်မည့် Celuk, Ubud, Peliatan စသည့် စိတ်ဝင်စားဖွယ်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။
ထိုမှတဆင့် သာယာလှပသော ကန်ရေပြင်နှင့် Baturမီးတောင်တို့ တင့်တယ်စွာ လှပစွာတည်ရှိရာ Kintamaniသို့ သွားရောက် ကြည့်ရှုခံစားပြီး Tampaksiringရှိ Holy Spring Templeသို့ ဝင်ရောက်လည်ပတ်ပါမည်။ ညပိုင်းတွင် ဟိုတယ်သို့ စိတ်အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။









Day 03: ဘာလီ (B/L/D)
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး သာယာလှပသော ကမ်းခြေအဖြစ် ကျော်ကြားသော “ Tanjung Benoa “ ကမ်းခြေတွင် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် ပျော်ရွှင်စွာရေကစားနိုင်ပါသည်။ ထို့နောက် Bali ရှိ ထုထည်ကြီးမားသော ရုပ်ထုကြီးများတည်ရှိပြီး သမိုင်းဝင်နေရာလည်းဖြစ်သော GWK (Garuda Wisnu Kencana) Culture Park နှင့် ၁၁ ရာစုနှစ်ခန့်က တည်ဆောက်ခဲ့၍ ရေမျက်နှာပြင်အထက် မီတာ ၁၀၀ခန့်ရှိ တောင်ငူအပေါ်တွင်ရှိသော ကျော်ကြားလှသည့် Uluwatu Temple သို့ သွားရောက်လည်ပတ်ပါမည်။ ညနေခင်းတွင် ဟိုတယ်သို့အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။









Day 04: ဘာလီ – ရန်ကုန်(B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hotel မှ Check Out လုပ်ကာ ထင်ရှားကျော်ကြားသော ပင်လယ်ပြင်တွင် လှပစွာပေါ်ထွက်နေသော ကျောက်တုံးကြီးပေါ်၌ ပင်လယ်နတ်ဘုရားကိုပူဇော်ရန် တည်ဆောက်ထားသည့် Hindu ရိုးရာTanah Lot Sea Temple နှင့် မျောက်ကလေးများရှိရာ Alas Kedaton သို့ သွားရောက်လည်ပတ်ပါမည်။ ထိုမှတစ်ဆင့် Beratan ရေကန်၏ အထက်တွင်ရှိသော ဘာလီရိုးရာယဉ်ကျေးမူအရ ရေစောင့်နတ်သမီး Dawi Danu ကို အဓိကပူဇော်ပသရာ Ulun Danu Temple သို့သွားရောက်လေ့လာမည်။ထို့နေက် Lake Beratan ၏သာယာလှပသောရှုခင်းကို မြင်တွေ့နိုင်မည့် Bedugul နှင့် Candikuning ရှိFruit market သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Mengwiအင်ပါရာ၏ အထွတ်အမြတ်ထားရာ စိမ်းစိုလှပသော မြက်ခင်းများဝန်းရံလျက် ကြည်လင်သော ရေကန်များ၏အလယ်တွင် ရှေးနန်းဆန်စွာ တည်ဆောက်ထားသော ဘာလီ၏ အဓိကကျွန်းတစ်ခု ဖြစ်သော Mengwi Royal Family Taman Ayun Temple သို့ဆက်လက်လည်ပတ်ပါမည်။
ညနေခင်းတွင် ဘာလီလေဆိပ်မှ ရန်ကုန်မြို့သို့ ပျော်ရွှင်အေးချမ်းစွာ ပြန်လည်ထွက်ခွာမှာဖြစ်ပါသည်။






ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ
- လေယာဉ်လက်မှတ်
- ခရီးစဉ်တစ်လျှောက် Air-con Mini Busအကြိုအပို့
- မနက်စာ၊ နေ့လည်စာ နှင့် ညစာသုံးဆောင်မှုများ
- * 4 Star အဆင့်ရှိဟိုတယ်
- ခရီးစဉ်တွင်ပါဝင်သော ဝင်ကြေးများ
- English Speaking Guide ဝန်ဆောင်မှု
- မြန်မာTour Leader
ခရီးစဉ်တွင်မပါဝင်သော ဝန်ဆောင်မှုများ
- Watersport Activities
- ကိုယ်ပိုင်အသုံးစရိတ်များ့
- Tips
- Hotel တွင်အသုံးပြုသောအသုံးစရိတ်များ
- အထက်ဖော်ပြပါ ဝန်ဆောင်မှုတွင်မပါဝင်သော အရာများ
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”