ဂျပန်ခရီးစဉ်
Yangon-Osaka-Kyoto- Yamanashi – Oshinohakkai-Tokyo
(8Days/7Nights)
(8Days/7Nights)
Day 01: Yangon- Osaka (-,L,D)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ Osaka မြို့ရှိ Kansai International Airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။
- ထို့နောက် ၈ ရာစု အစောပိုင်းကာလက ကြေးနီ၊ခဲမဖြူတို့ဖြင့် တည်ထားသော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ရှိရာ Toudai Temple သို့သွားရောက် လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။
- နေ့လည်စာ သုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော Osaka Castel သို့ သွားရောက် လေ့လာပါမည်။
- Osaka Castel ကို ၁၅၈၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ထင်ရှားလှသော Landmark တစ်ခုလည်းဖြစ်သည်။
- ထို့နောက် Osaka မြို့ရှိ နာမည်ကြီး Shopping Area တစ်ခုဖြစ်သော Shinsaibashi တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Osaka မြို့ရှိ Hotel တွင် အိပ်စက်အနားယူပါမည်။



Kansai International Airport
Toudai Temple
Osaka Castel



Shnsaibashi Shopping Area
Day 02: Osaka (B, -, D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ထူးခြားဆန်းပြား၍ ပျော်ရွှင်ဖွယ်ကောင်းလှသော Universal Studio တွင် တစ်နေ့တာလုံး ပျော်ရွှင်စွာ ဆော့ကစားရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Osaka မြို့ရှိ Hotel တွင် အိပ်စက်အနားယူပါမည်။









Universal Studio
Day 03: Osaka – Kyoto (B, L, D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Osaka မြို့မှ Kyoto မြို့သို့ ကျဉ်ဆံရထားဖြင့် ထွက်ခွာပါမည်။
- ထို့နောက် သူတောင်စင်များနေထိုင်ရာဟု သတ်မှတ်ထားပြီး လျှောက်လမ်းဘေး တစ်ဖက်စီတွင် အနီရောင်တိုင်လုံးကြီးများ စိုက်ထူထားရှိရာ Fushiminari Shrine သို့ သွားရောက်လေ့လာပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။
- ဂျပန်နိုင်ငံ၏ နာမည်ကြီး ဘုရားကျောင်းဆောင်တစ်ခုဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည်များနှစ်စဉ် အများအပြား လာရောက်လည်ပတ်ရာ Kinkaku Temple သို့ သွားရောက် လည်ပတ်ပါမည်။
- ထို့နောက် ဂျပန်ရိုးရာ ကီမိုနိုအထည်များ ရက်လုပ်ရာနေရာဖြစ်သော Nishijinorikaikan သို့ သွားရောက် ကြည့်ရှုပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Nagoya မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူ ပါမည်။



Kyoto City
Fushiminari Shrine



Kinkaku Temple
Nishijinorikaiken
Nagoya City
Day 04: Yamanashi (B, L, D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Yamanashi မြို့သို့ ထွက်ခွာပြီး နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။
- ထို့နောက် ဂျပန်နိုင်ငံ၏ သင်္ကေတဖြစ်သော ဖူဂျီတောင်ကြီး၏ Level 5 သို့သွားရောက်ကြည့်ရှုပြီး Gotenba Out Let တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ကြပါမည်။
- ပြီးနောက် ဟိုတယ်တွင် ပြန်လည်အနားယူပြီး ညစာသုံးဆောင်ပါမည်။



Mt.Fuji Level 5



Gotenba Out Let Mall
Day 05: Yokohama (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Fuji Five Lake ဒေသရှိ သာယာလှပသော ရွာငယ်လေးတစ်ခုဖြစ်သည့် Oshinoahakkai သို့သွားရောက်လည်ပတ်ပါမည်။
- Hakone ရှိ သာယာလှပသော Ashi ရေကန်တွင် အပျော်စီးသဘောၤစီးရင်း ဖူဂျီတောင်၏ အလှအပကို ကြည့်ရှုခံစားပါမည်။
- ပြီးနောက် ရေပူစမ်းများထွက်ရှိရာတောင်ကြားဖြစ်ပြီး အမည်းရောင်ကြက်ဥပြုတ်များထွက်ရှိရာ Owakudani သို့ Hakone Ropeway များဖြင့် သွားရောက်ပါမည်။
- ထို့နောက် Tokyo မြို့မှတဆင့် Rainbow တံတားကြီးအားဖြတ်၍ ဖန်တီးပြုလုပ်ထားသော Odaiba ကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။
- ညစာကို Local Restaurant တွင်မြိန်ရှက်စွာသုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။



Oshinoahakkao
Ashi Lake
Owakudani



Owakudani
Kamakura Buddha
Odaiba
Day 06: Tokyo
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Asakusa နယ်မြေရှိ ဗုဒ္ဓဘုရားကျောင်းဆောင် အား သွားရောက်ဖူးမြော်ပြီး ဂျပန်ရိုးရာပစ္စည်းများ ဝယ်ယူနိုင်သော Nakamise Street ဈေးတန်းတွင် လည်ပတ်ဈေးဝယ်ထွက်ပါမည်။
- ထို့နောက် တိုကျိုမြို့၏ အမြင့်ဆုံး တာဝါဖြစ်သော Tokyo Sky Tree သို့ သွားရောက်လည်ပတ်ပါမည်။
- နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး Shopping Area များဖြစ်သော Akihabara နှင့် Ginza တို့တွင် စိတ်ကြိုက်ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ကြပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။



Asakusa & Nakamise Street
Tokyo Sky Tower



Akihabara & Ginza
Day 07: Tokyo
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ ဘုရင်မင်းမြတ်များ နှင့် တော်ဝင်မိသားစုများ စိုးစံနေထိုင်ရာ Imperial Palace သို့ လည်ပတ်လေ့လာပြီး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာများရှိရာ နာမည်ကျော် Tokyo Disney Land တွင် တစ်နေ့တာလုံး ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားရင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။



Imperial Palace
Tokyo Disney Land



Day 08: Tokyo – Yangon
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် နာရီတာလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ
- လေယာဉ်လက်မှတ် (ရန်ကုန်-ဂျပန်-ရန်ကုန်)
- Visa Service နှင့် Visa Fees များ
- 3-4 star အဆင့်ရှိဟိုတယ်များတွင် တည်းခိုခွင့်များ
- ခရီးစဉ်တစ်လျှောက် Air-con car အကြိုအပို့
- နေ့စဉ်အတွက် သောက်ရေသန့်
- ခရီးစဉ်တွင် ဖော်ပြထားသောနံနက်စာ၊နေ့လည်စာ နှင့် ညစာ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- Tour Leader နှင့် English Speaking Guide ဝန်ဆောင်မှု
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသောအအေး နှင့် အဖျော်ယမကာ
- ဟိုတယ်တွင် သုံးစွဲသောရေသန့်၊အအေး၊ အဖျော်ယမကာစသည့် Mini Bar အသုံးပြုခ၊ အဝတ်လျှော်ခနှင့် ဖုန်းသုံးစွဲမှု
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”