Taipei
Day 01: Yangon – Taiwan Arrival (-, -, D)
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်ဝမ်မြို့သို့ သွားရောက်ပါမည်။ ထိုင်ဝမ်မြို့ သို့ ရောက်ရှိပြီးညစာကို “Chinese Style Food” ဖြင့် သုံးဆောင်ပြီးနောက် Chia-Yi ဟိုတယ်တွင် check-in ဝင်၍ အိပ်စက်အနားယူပါမည်။



Day 02: Taiwan – Taipei (B, L, -)
“Christian Hospital” တွင် ကျန်းမာရေးစစ်ဆေးမှုခံယူပြီးနောက် ကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားသော နေရာတစ်ခုဖြစ်သည့် “Alishan National Scenic Area” သို့ သွားရောက်လည်ပတ်ကာ သာယာလှပသော သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်းအပန်းဖြေမည်။ နေ့လည်စာကို “Special Alishan’s food” ဖြင့် သုံးဆောင်ပါမည်။ညနေပိုင်းတွင် “Taichung” ညဈေးတန်းသို့ သွားရောက်လည်ပတ်ရင်း ထိုင်ဝမ် ရိုးရာအစားအသောက်များကိုသုံးဆောင်ပါမည်။ ထို့နောက် ထိုင်ဝမ်မှ တစ်ဆင့် တိုင်ပေမြို့ သို့ ဆက်လက်ထွက်ခွာပါမည်။









Day 03: Taipei (B, -, D)
နံနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် Taipei မြို့၏ မြောက်ဘက်ခြမ်းတွင်ရှိသော စီးပွားရေးအချက်အချာကျသည့် မြို့လေးတစ်မြို့ ဖြစ်သော”Danshui” မြို့သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် “Danshui” ဒေသသို့ ရောက်ရှိသူတိုင်းသွားရောက် လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်သော Danshui မြစ်ကမ်းတစ်လျှောက်ရှိ “Danshui Old Street” သို့ သွားရောက်လည်ပတ်ရင်း ရိုးရာအစားအစာများ၊ လက်ဆောင်ပစ္စည်းများကို မိမိစိတ်တိုင်းကျ ဝယ်ယူပါမည်။ Danshui Old Street အနီးရှိငါးဖမ်းလှေများ ဆိုက်ကပ်ရာ “Fishermen’s Pier” သို့ လည်းသွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ သက္ကရာဇ် ၁၉၁၃ ခန့်တွင် တည်ဆောက်ခဲ့သော “Beitou Hot Spring Museum” သို့ သွားရောက်လည်ပတ်ရင်း ထိုင်ဝမ်မြို့သမိုင်းကြောင်းများကို လေ့လာမည်။ ထို့နောက် တိုင်ပေမြို့ ၏ အဓိက shopping area ဖြစ်သော “Xinyi District” သို့ သွားရောက်လည်ပတ်ရင်း မိမိစိတ်တိုင်းကျ ဈေးဝယ်ထွက်ပါမည်။ ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတစ်ခု အဖြစ်သတ်မှတ်ခံရသော “Taipei 101” အဆောက်အအုံကြီးရှိရာသို့ သွားရောက်ပါမည်။ Taipei 101 အဆောက်အအုံပေါ်သို့ မိမိအစီအစဉ်ဖြင့် သွားရောက်လေ့လာနိုင်ပြီး တိုင်ပေမြို့မြင်ကွင်းအလှအား ကြည့်ရှုခံစားရင်း အမှတ်တရဓာတ်ပုံများရိုက်ပါမည်။ ညနေစာကို “Hot Pot” ဖြင့် သုံးဆောင်ပြီးတိုင်ပေမြို့ လေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။












- 3/4 Stars ဟိုတယ်များရှိ နှစ်ယောက်ခန်းများတွင် တည်းခိုခြင်း
- ပြည်တွင်း၊ ပြည်ပလေယာဉ် လက်မှတ်များ
- ခရီးစဉ်တွင်ဖော်ပြထားသောမနက်စာ၊ နေ့လည်စာနှင့် ညစာသုံးဆောင်မှုများ
- ခရီးစဉ်တစ်လျှောက် Air Con ကားများဖြင့် လိုက်ပါပို့ဆောင်ပေးခြင်း
- အင်္ဂလိပ်စကားပြောဧည့်လမ်းညွန် စီစဉ်ပေးခြင်း။
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ။
- ခရီးသွားအာမခံ
- ဟိုတယ်တွင် အပိုသုံးစွဲသောအအေး၊ အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ Mini Bar အသုံးပြုခ
- စားသောက်ဆိုင်များတွင် အပိုသုံးဆောင်သောအအေးနှင့် အဖျော်ယမကာ
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခနှင့် အခွန်အခများ
- Taipei 101 အဆောက်အအုံ ဝင်ကြေး