Malaysia
Kuala Lumpur / Genting Highland (4D3N)
Day 01: Genting Highland
- မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး Genting Highland သို့ သွားရောက်ရန် ထွက်ခွာပါမည်။
- တိမ်တိုက်ပေါ်ရှိ ပျော်ရွှင်ဖွယ်မြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် Genting Hightland ရှိရာသို့ Gondola Lift ဖြင့် သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး Hotel များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော First World Hotel တွင် Check In ဝင်ပါမည်။
- ထို့နောက် Gentind Highlandရှိ Theme Park ၊ Casino နှင့် Shopping Mall ၊ Fashion Shop များတွင် ပျော်ရွှင်စွာလည်ပတ်ဆော့ကစားပြီး ညပိုင်းတွင် ဟိုတယ်သို့ ပြန်လည် အိပ်စက် အနားယူပါမည်။






Day 02: Batu Caves, Royal Selangor Pewter Factory and Batik Showroom and Kuala Lumpur
- ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Cable Car ဖြင့် Genting Highland မှပြန်လာပြီး မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူ သို့ခရီးဆက်ပါမည်။
- လမ်းခရီးတွင် နှစ်သန်းပေါင်း ၅၀၀ ကျေ်ာသက်တမ်းရှိပြီး ဟိန္ဒူဘာသာဝင်များ၏ အထွတ်အမြတ်ဖြစ်သော ဟိန္ဒူနတ်ဘုရား ရုပ်ထုကြီးရှိရာ Batu Caves သို့ သွားရောက်လည်ပတ် လေ့လာပါမည်။
- ထို့နောက်ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ခဲနှင့်သံဖြူစပ်၍ လက်မှုပစ္စည်းများပြုလုပ်ရာ Royal Selangor Pewter Factory နှင့် မလေးရှားရိုးရာ ပါတိတ်ဆိုင်များ သို့ဝင်ရောက် လေ့လာပြီး ကွာလာလမ်ပူမြို့ရှိ ဟိုတယ်တွင် Check in ဝင်ပါမည်။



Day 03: Kuala Lumpur City Tour
- ဟိုတယ်တွင်မနက်စာ သုံးဆောင်ပြီးနောက် မြို့တွင်းရှိ အထင်ကရ နေရာများဖြစ်သော the King’s Palace,National Monument, Independence Square နှင့် မလေးရှားနိုင်ငံ၏ အမှတ်အသား တစ်ခုဖြစ်သော Pertrons Twin Tower စသည့်နေရာများ စိတ်ဝင်စားစွာ သွားရောက်လေ့လာပါမည်။
- ထိုမှတဆင့် အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ လက်မှုပညာပစ္စည်းများ ရောင်းချရာ Handicraft Center နှင့် ဒေသထွက် ချောကလက်ဆိုင်များသို့ ဈေးဝယ်ထွက်ပြီး ဆက်လက်၍ China Town တွင်ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ပါမည်။
- China Town ရှိ Central Market ဟာ ၁၉၃၇ ခုနှစ်၌ဆောက်လုပ်ပြီးစီးခဲ့ပြီး မလေးရှားနိုင်ငံ၏ ရိုးရာအမွေအနှစ် အမှတ်အသားတစ်ခုအဖြစ် သတ်မှတ် ထားသည့် အဆောက်အဦးတစ်ခုလဲ ဖြစ်သည်။
- ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။









Day 04: Kuala Lumpur Departure
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။/li>
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ
- လေယာဉ်လက်မှတ် (ရန်ကုန်-မလေးရှား-ရန်ကုန်)
- Visa Service နှင့် Visa Fees များ
- 3-4 star အဆင့်ရှိဟိုတယ်များတွင် တည်းခိုခွင့်များ
- ခရီးစဉ်တစ်လျှောက် Air-con car အကြိုအပို့
- နေ့စဉ်အတွက် သောက်ရေသန့်
- ခရီးစဉ်တွင် ဖော်ပြထားသောနံနက်စာ၊နေ့လည်စာ နှင့် ညစာ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- Tour Leader နှင့် English Speaking Guide ဝန်ဆောင်မှု
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသောအအေး နှင့် အဖျော်ယမကာ
- ဟိုတယ်တွင် သုံးစွဲသောရေသန့်၊အအေး၊ အဖျော်ယမကာစသည့် Mini Bar အသုံးပြုခ၊ အဝတ်လျှော်ခနှင့် ဖုန်းသုံးစွဲမှု
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”