ဘန်ကောက် – ဖူးခတ် ခရီးစဉ်
Day 01: ရန်ကုန် – ဘန်ကောက် – ဖူးခတ် (L/D)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Departure Gate မှ ဘန်ကောက်မြို့ သို့ထွက်ခွာပါမည်။
- ဘန်ကောက်မြို့ရှိ DonMueang International Airport သို့ နံနက်ရောက်ရှိမည်ဖြစ်ပြီး Transit ပြုလုပ်ကာဖူးခတ်မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညနေတွင် ဖူးခတ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်။
- ညစာကို Local Restaurant တွင်သုံးဆောင်ပြီးဟိုတယ်တွင် အိပ်စက်အနားယူမည်။









Day 02: ဖူးခတ် – Phi Phi ကျွန်း (B/L/D)
- နံနက်စာကို Hotel တွင်သုံးဆောင်ပါမည်။
- Phi Phi ကျွန်းသို့ ထွက်ခွာရန် Rassadaသဘောၤဆိပ်သို့ ထွက်ခွာမည်။ ထို့နောက် ဆိပ်ကမ်းမှ Big Boat ဖြင့် ကမ္ဘာကျော် “The Beach”ဇာတ်ကားရိုက်ကူးခဲ့သည့် Maya Bay သို့သွားရောက်ကာ ကြည်လင်သော မြစိမ်းရောင် ပင်လယ်ရေထဲရှိ သန္တာကျောက်များနှင့် ရောင်စုံငါးများအား မြင်တွေ့နိုင်ရန် Snorkeling ပြုလုပ်ရင်းအပန်းဖြေကြမည်။
- ကြည်လင်အေးမြသောပင်လယ်ရေနှင့်Lohsamah အတူ Bida IslandsBay, Pileh Bay နှင့် Viking Cave တို့တွင် ကြည့်ရှုလည်ပတ်ရင်း Phi Phi Don တွင် နေ့လည်စာသုံးဆောင်ပါမည်။
- ကမ်းခြေတွင် မိမိကိုယ်တိုင် စိတ်ကြိုက် အပန်းဖြေရင်းအမှတ်တရဓာတ်ပုံများရိုက်မည်။
- ညစာကို Local Restaurant တွင်သုံးဆောင်ပြီး မိန်းကလေးများကဲ့သို့ ချောမောလှပသော Lady Boy များကပြဖျော်ဖြေသည့် Simon Cabaret Show ကိုသွားရောက်ကြည့်ရှုပါမည်။
- ပြီးနောက် ဖူးခတ်ရှိဟိုတယ်တွင်အေးချမ်းစွာပြန်လည်အိပ်စက်အနားယူပါမည်။









- Hotel တွင် နံနက်စာသုံးဆောင်မည်။
- ဖူးခတ်လေဆိပ်မှ ဘန်ကောက်လေဆိပ်သို့ ဆက်လက်ထွက်ခွာပါမည်။
- ထိုင်းဘုရင်မင်းမြတ်များနန်းစံခဲ့သောThe Grand Palace နှင့် ထိုင်းဘုရင်မင်းမြတ်အဆက်ဆက် ကိုးကွယ်ခဲ့သောမြဘုရား (Emerald Buddha)အားသွားရောက်ဖူးမြော်မည်။
- ထို့နောက် ဘန်ကောက်မြို့ရှိဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။



- နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပါမည်။
- ထို့နောက် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်များ၏ ဖယောင်းရုပ်ထုများရှိရာ Madame Tussauds သို့ သွားရောက်လည်ပတ်ရင်း မိမိသဘောကျ နှစ်သက်သည့် သရုပ်ဆောင်ပုံတူများ နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။
- ဆက်လက်၍ ရေသတ္တဝါမျိုးစုံးအား စုံလင်စွာ တွေ့ရှိနိုင်ပြီး အရှေ့တောင်အာရှ၌ အကြီးဆုံး ငါးပြတိုက်တစ်ခုဖြစ်သောSiam Ocean World သို့ သွားရောက်လေ့လာမည်။
- နာမည်ကျော် Branded ပစ္စည်းမျိုးစုံအား မိမိစိတ်ကြိုက်ဝယ်ယူနိုင်သော Siam Paragon Shopping Mall တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီးဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။









Day 05: ဘန်ကောက် (B/L/D) (L/D)
- နံနက်စာကို Hotel တွင် သုံးဆောင်ပြီး Safari World သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။
- ထို့နောက် ဘန်ကောက်ရှိနာမည်ကြီး Shopping Center များဖြစ်သော Central World နှင့် Pratunam Area တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။
- ညစာကို Kyout Phraya Cruise ပေါ်တွင် သဘောၤစီးရင်းသာယာအေးချမ်းစွာသုံးဆောင်ပါမည်။
- ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။









Day 06: ဘန်ကောက် – ရန်ကုန် (B)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးမိမိစိတ်ကြိုက် အစီအစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်ပါမည်။
- ထို့နောက် ဘန်ကောက်မြို့ ရှိDon Mueang International Airportမှရန်ကုန်မြို့သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။
ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန်-ဘန်ကောက်-ဖူးခတ်-ဘန်ကောက်-ရန်ကုန်)။
၂။ ခရီးစဉ်တစ်လျှောက် Air Con Bus အကြိုအပို့။
၃။ ခရီးစဉ်တွင်ပါဝင်သော နံနက်စာ၊ နေ့လည်စာ၊ ညစာနှင့် ဝင်ကြေးများ။
၄။ နေ့စဉ်သုံးသောက်ရေသန့်။
၅။ 3 Star အဆင့်ရှိဟိုတယ်တွင်တည်းခိုခြင်းများ။
၆။ မြန်မာစကားပြောဧည့်လမ်းညွန် ဝန်ဆောင်မှု။
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ။
၂။ ဟိုတယ်တွင် အပိုသုံးစွဲသောအအေး၊ အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ Mini Bar အသုံးပြုခ။
၃။ စားသောက်ဆိုင်များတွင် အပိုသုံးဆောင်သောအအေးနှင့် အဖျော်ယမကာ။
၄။ လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ။
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအားမေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”