ဘန်ကောက် – ပတ္တရားခရီးစဉ်
Day 01: ဘန်ကောက် – ပတ္တရား (-/L/D)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Departure Gate မှ ဘန်ကောက်မြို့ သို့ထွက်ခွာပါမည်။
- ဘန်ကောက်မြို့ရှိ Don Mueang International Airport တွင် Local Guide မှ လာရောက်ကြိုဆို နှုတ်ဆက်ကာ ပတ္တရားကမ်းခြေတွင် အပန်းဖြေအနားယူရန် ဆက်လက်ခရီးထွက်ပါမည်။
- ပတ္တရားကမ်းခြေ ရှိ ဟိုတယ်တွင် check in ဝင်၍ ကမ်းခြေတွင် ပင်လယ်စာဖြင့် နေ့လည်စာ သုံးဆောင်ပါမည်။
- Hotelတွင် ခေတ္တအနားယူပြီးနောက် လှပဆန်းကြယ်သော NongNooch Tropical Gardenသို့ လည်ပတ်ကြည့်ရှုရင်း ချစ်စဖွယ်ကောင်းသော ဆင်လိမ္မာလေးများ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။
- ထို့နောက် မိန်းကလေးများကဲ့သို့ လှပသော Lady Boy များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည့် Alcazar Show သို့လည်းသွားရောက်ကြည့်ရှုပါမည်။
- ညစာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် Hotel တွင်အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။









Day 02: ဘန်ကောက်-ပတ္တရား-သန္တာရောင်ကျွန်းဆွယ် (B/L/D)
- Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် ပျော်ရွှင်စွာ ရေဆော့ကစားရင်း အပန်းဖြေနိုင်မည့် Coral Island(KohLan) ရှိ Golden Beachesသို့ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် နေ့လည်စာကို Pattaya Bay တွင် Buffet ဖြင့်သုံးဆောင်ပြီး Night Market အဖြစ် လူသိများသော Asia Tique River Front သို့လည်ပတ် ဈေးဝယ်ထွက်ပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။












- Hotel တွင် Buffet ဖြင့်နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းဘုရင်မင်းမြတ်များနန်းစံခဲ့သော The Grand Palace နှင့် ထိုင်းဘုရင်မင်းမြတ်အဆက်ဆက်ကိုးကွယ်ခဲ့သော Emerald Buddhaအားသွားရောက်ဖူးမြော်ပါမည်။
- ထို့နောက် လူကြီးလူငယ်မရွေးအပန်းဖြေနိုင်မည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကစားနည်းများစုစည်းတည်ရှိရာ Dream World သို့ ပျော်ရွှင်စွာသွားရောက်လည်ပတ်ပါမည်။
- Dream World တွင် Corkscrew, Bumping Cars, Swinging Viking Board, Rollercoaster စသည် တို့ကိုဆော့ကစားနိုင်သည့်အပြင် နှင်းလျှောစီးနိုင်မည့် Snow Land နှင့် စိတ်ဝင်စားဖွယ် Hollywood Action Show တို့ကိုလည်းပျော်ရွှင်စွာကြည့်ရှုပါမည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Hotel တွင်အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။











Day 04: ဘန်ကောက် – ဖယောင်းရုပ်ထုပြတိုက်( Madame Tussauds) (B/L/D)
- Hotel တွင် Buffet ဖြင့်နံနက်စာသုံးဆောင်ပါမည်။
- ထို့နောက် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်များ၏ ဖယောင်းရုပ်ထုများရှိရာ Madame Tussauds သို့ သွားရောက်လည်ပတ်ရင်း မိမိသဘောကျ နှစ်သက်သည့် သရုပ်ဆောင်ပုံတူများ နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။
- နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် မိမိစိတ်ကြိုက် လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်ထွက်နိုင်ပါသည်။
- ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Hotelတွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။












Day 05: ဘန်ကောက် – ရန်ကုန် (B)
- Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်နိုင်ပါသည်။
- ညနေပိုင်းတွင် ဘန်ကောက်ရှိ Don MueangInternation Airport မှရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။
၀န်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန်-ဘန်ကောက်-ရန်ကုန်)။
၂။ ခရီးစဉ်တစ်လျှောက် Air Con Mini Bus အကြိုအပို့။
၃။ ခရီးစဉ်တွင်ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာနှင့် ဝင်ကြေးများ။
၄။ နေ့စဉ်သောက်သုံးသည့် ရေသန့်။
၅။ 3-Star အဆင့်ရှိ Hotel များတွင် တည်းခိုခြင်းများ။
၆။ Local English Speaking Guide ဝန်ဆောင်မှု။
ဝန်ဆောင်မှုတွင် မပါဝင်သော အရာများ
၁။ ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ။
၂။ ဟိုတယ်တွင် အပိုသုံးစွဲသောအအေး၊ အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ Mini Bar အသုံးပြုခ။
၃။ စားသောက်ဆိုင်များတွငအပိုသုံးဆောင်သောအအေးနှင့် အဖျော်ယမကာ။
၄။ လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ။
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။ ”