စီယံရိ – ဖနွမ်းပင် ခရီးစဉ်
Day 01: ရန်ကုန် – စီယံရိ ( -/L/D )
- Local guide မှ လေဆိပ်တွင် လာရောက်ကြိုဆိုပြီး Tonle Sap ရေကန်ပေါ်တွင်တည်ရှိသော ရေပေါ်ရွာ (FloatingVillage) သို့သွားရောက်လည်ပတ်ပါမည်။
- ရေပေါ်တွင်တည်ဆောက်ထားသောနေအိမ်များနှင့်ဒေသခံများကိုတွေ့ရှိနိုင်ပါသည်။
- ထို့နောက် ကမ္ဘောဒီးယားတို့၏ ရိုးရာလက်မှုပန်းပုလုပ်ငန်း နှင့်ကျောက်ဆစ်လုပ်ငန်း အနုပညာလက်ရာများကို သွားရောက်လေ့လာကြပါမည်။
- နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။
- နေ့လည်စာသုံးဆောင်ပြီးနောက် ခမာလူမျိုးများ အုပ်ချုပ်စဉ်က အသုံးပြုခဲ့သော သမိုင်းဝင် Killing Field သို့သွားရောက်လေ့လာပါမည်။
- ထို့နောက် ၁၁ရာစုတွင်တူးဖော်တည်ဆောက်ခဲ့သော West Barray သို့သွားရောက်လည်ပတ်ကြပါမည်။
- Sightseeing ပြီးသွားသည့်နောက် ညစာကို တိုင်းရင်းသားရိုးရာ အကပဒေသာများ ကြည့်ရှုခံစားရင်း Buffet Menu ဖြင့်သုံးဆောင်ကြပါမည်။
- ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-In ဝင် အိပ်စက်အနားယူပါမည်။






- နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပါမည်။
- နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် စေတီပုထိုးများသို့သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် South Gate of Angkor Thom Temple သို့ သွားရောက်ပြီး ရှေးဟောင်းအံ့ဖွယ် ဗိသုကာ လက်ရာများကို သွားရောက်လေ့လာပါမည်။
- Angkor Thom ကို ၁၂ရာစုနှောင်းပိုင်း နှင့် ၁၃ရာစုအစောပိုင်းတွင် ၇ဆက်မြောက် ဂျရဗာမန် ဘုရင်မှတည်ဆောက်ထားပါသည်။
- ဆက်လက်၍ကြီးမားသော မျက်နှာပုံသဏ္ဍာန်များကို ထုဆစ်ထားသော Bayon Temple သို့သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် Bayon ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ၅၀မီတာအမြင့်ရှိသော Baphoun Temple သို့သွားရောက်လည်ပတ်ပါမည်။
- ထို့အပြင် Phimeanakas , The Elephants Terrace , Terrace of Leper King များသို့လည်းဆက်လက်လည်ပတ်ကြပါမည်။






- ထို့နောက် Angkor ရှိ အခြားကျော်ကြားသော Temple တစ်ခုဖြစ်သော Ta Prohm Temple သို့သွားရောက်လည်ပတ်ပါမည်။ အခြားပုထိုးများ နှင့် ကွဲပြားသော သည် ပုထိုးပေါ်တွင် သက်တမ်းရင့် သစ်ပင်ပေါက်ရောက်နေပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအား အဆွဲဆောင်နိုင်ဆုံးသော ပုထိုးတစ်ခုဖြစ်ပါသည်။
- နေ့လည်စာကို Local Restaurant တွင် မြိန်ယှက်စွာသုံးဆောင်ကြပါမည်။
- ညနေပိုင်းတွင် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် Angkor Wat သို့သွားရောက်လည်ပတ်ပါမည်။
- Angkor Wat သည် ၁၂ရာစုတွင် ဂျရဗာမန်ဘုရင် နန်းစံခဲ့သောနေရာဖြစ်သည်။
- Angkor Wat သည် ပုထိုးများအားလုံးထဲတွင် အကြီးမားဆုံး နှင့် အကောင်းမွန်ဆုံး မူလအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်သော Temple တစ်ခုဖြစ်သည်။
- Angkor Wat ၏ ရင်သပ်ရှုမောဖွယ်ရာ နေဝင်ဆည်းဆာအလှကို အတူတကွခံစားရင်း အမှတ်တရဓာတ်ပုံများရိုက်ကူးကြမည်။



(Note: Angkor Wat Temple ၏ BahanTower သို့တက်ရောက်ရန် သင့်တင့်လျောက်ပတ်သော အဝတ်အစားများကို ဝတ်ဆင်ကြရပါမည်။ ခြေမျက်စေ့ နှင့် ပခုံးကိုဖုံးသော အဝတ်အစားများကိုသာ ဝတ်ဆင်ရပါမည်။ ဘောင်းဘီတို ၊ စကပ်တိုများ ဝတ်ဆင်ခွင့်မရှိပါ။ ၁၂နှစ်အောက်ကလေးငယ်များ Towerပေါ်သို့တက်ရောက်ခွင့်မရှိပါ။)
- ညစာကို Local Restaurant တွင်မြိန်ယှက်စွာ သုံးဆောင်ပြီး ညဈေးတွင်ဈေးဝယ်ထွက်ကြပါမည်။ ဈေးဝယ်ထွက်ပြီးနောက် ၁နာရီကြာ ခမာရိုးရာအနှိပ်နည်းဖြင့် အနှိပ်ခံရင်း အပန်းဖြေကြပါမည်။
- ထို့နောက် ဟိုတယ်သို့ပြန်လည် အနားယူအိပ်စက်ကြပါမည်။
Day 03: စီယံရိ -ဖနွမ်းပင်( B/L/D )
- Hotelတွင် နံနက်စာသုံးဆောင်ကြပါမည်။
- ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့သို့ Kampong Thom, Kampong Cham နှင့် Kandal ပြည်နယ်များကိုဖြတ်သန်း၍ ၇နာရီကြာကားစီးပြီး သွားရောက်လည်ပတ်ပါမည်။။
- နေ့လည်စာကို Local Restaurant တွင်မြိန်ယှက်စွာသုံးဆောင်ကြပါမည်။
- ညနေပိုင်းတွင် ဖနွမ်းပင်မြို့သို့ရောက်ရှိပါမည်။ထို့နောက် လွတ်လပ်ရေးကျောက်တိုင် ၊ NorodomSihanouk ဘုရင်၏ ကြေးရုပ်တုသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထိုကြေးရုပ်သည် ဘုရင်မင်းမြတ်နတ်ရွာစံသော ပထမဦးဆုံးနှစ်တွင် အထိမ်းအမှတ်အနေဖြင့် ထုဆစ်ထားသောရုပ်ထုကြီးဖြစ်သည်။
- ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။
- ညစာ စားသုံးပြီးနောက် ဟိုတယ်သို့ပြန်လည်အနားယူအိပ်စက်ကြပါမည်။



Day 04: ဖနွမ်းပင် ( B/L/D )
- Hotelတွင် နံနက်စာသုံးဆောင်ကြပါမည်။
- နံနက်ပိုင်းတွင် တော်ဝင်နန်းတော် Royal Palace သို့သွားရောက်လည်ပတ်ပါမည်။
- တော်ဝင်နန်းတော်သည် များစွာသော ငွေသားကြွေပြားများဖြင့် ခင်းကျင်းအလှဆင်ထားပြီး အကြီးမားဆုံးသော ရွှေဘုရားဆင်းတုတော်ကြီးအားလည်း သပ္ပာယ်စွာဖူးမြော်နိုင်ပါသည်။
- ငွေသားအပြား (၅၀၀၀)ဖြင့် ပြုလုပ်ထားသော ငွေဘုရားကိုလည်း ဘုရင့်နန်းတော်ဝင်းအတွင်း၌ ဖူးမြော်နိုင်ပါသည်။
- ထို့နောက် (၁၉၃၇)ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဖနွမ်းပင်မြို့ အကြီးဆုံးသော Central Market သို့ သွားရောက်ပြီး ဈေးဝယ်ထွက်ကြပါမည်။
- နေ့လည်စာကို Suki Soup ဖြင့် Buffet သုံးဆောင်ပါမည်။
- ညနေပိုင်းတွင် Choeung Ek-Killing Field သို့သွားရောက်လေ့လာပါမည်။
- ထို့နောက် Toul Tompong Market ဟုခေါ်သော Russian Market သို့ သွားရောက်ပြီး လျှပ်စစ်ပစ္စည်းများ ၊ အဝတ်အထည်များ ၊ လက်ဆောင်ပစ္စည်းများ အစရှိသည်တို့ကိုစိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။
- ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်သို့ပြန်လည်အနားယူ အိပ်စက်ကြပါမည်။



Day5: ဖနွမ်းပင် – ရန်ကုန် (B)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး အနားယူကြပါမည်။
- ထို့နောက် လေဆိပ်သို့ထွက်ခွာ၍ ရန်ကုန်သို့အေးချမ်းစွာပြန်လည်ထွက်ခွာကြပါမည်။
၁။ လေယာဉ်လက်မှတ် (ရန်ကုန်-စီယံရိ-ဖနွမ်းပင်-ရန်ကုန်)။
၂။ ခရီးစဉ်တစ်လျှောက် Air Con Mini Bus အကြိုအပို့။
၃။ ခရီးစဉ်တွင်ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာနှင့် ဝင်ကြေးများ။
၄။ နေ့စဉ်သောက်သုံးသည့် ရေသန့်။
၅။ 3-Star အဆင့်ရှိ Hotel များတွင် တည်းခိုခြင်းများ။
၆။ Local English Speaking Guide ဝန်ဆောင်မှု။
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
၁။ ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ။
၂။ ဟိုတယ်တွင် အပိုသုံးစွဲသောအအေး၊ အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ Mini Bar အသုံးပြုခ။
၃။ စားသောက်ဆိုင်များတွင်အပိုသုံးဆောင်သောအအေးနှင့် အဖျော်ယမကာ။
၄။ လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ။
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”