စင်ကာပူခရီးစဉ်
(၅ရက်/ ၄ည)
Day 01: ရန်ကုန် – စကာၤပူ
- Singapore နိုင်ငံရှိChangi International Airport တွင် ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး City Tour ဖြင့် Singaporeနိုင်ငံ၏ အထိမ်းအမှတ်သင်္ကေတဖြစ်ပြီးပင်လယ်မြို့ကို ကိုယ်စားပြုသော ငါးကိုယ် နှင့် စင်္ကာပူရမြို့ဟောင်းကို ကိုယ်စားပြုသော ခြင်္သေ့ဦးခေါင်းကို ပေါင်းစပ်၍ ထုလုပ်ခဲ့သော Merlion Park ၊ မြို့လယ်ခေါင်တွင် တည်ရှိပြီး အချက်အချာနေရာ တစ်ခုဖြစ်သောSuntec City ၊ နာမည်ကျော် Fountain of Wealth နှင့် Parliament House ၊နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီး စင်္ကာပူမြို့လယ်တွင် တည်ရှိသော Victoria Theatre စသည့် အထင်ကရနေရာများသို့သွားရောက် လည်ပတ်ပါမည်။
- ညစာကိုRekyo Inn Restaurantတွင်သုံးဆောင်ပြီးဟိုတယ်သို့ အေးချမ်းစွာပြန်လည် အိပ်စက်အနားယူပါမည်။

Changi International Airport

Merlion Park

Suntec City

Fountain of Wealth

Parliament House

Victoria Theatre
Day 02: စကာၤပူ
- မနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် သာယာလှပသော Mt.Faber,Diamond Factory နှင့် Oil Shop(Shipmart) နှင့် စင်္ကာပူနိုင်ငံ၏နာမည်ကြီးနေရာ တစ်ခုဖြစ်ပြီး စင်္ကာပူဆိပ်ကမ်း၊ ပင်လယ်အော် နှင့် ဆန်တိုဆာရှုခင်းများကို Cable Car ပေါ်မှ ကြည့်ရှုခံစားရင်း ပျော်ရွှင်စွာ လည်ပတ်လေ့လာနိုင်သော Sentosa Islandတို့အား ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Game များကစားနိူင်ပြီးအမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်သောUniversal Studioသို့သွားရောက်လည်ပတ်ရင်းနေ့လည်စာသုံးဆောင်ကာUniversal Studioအတွင်းရှိSea Aquarium နှင့် Maritime Museum များသို့ ဆက်လက်လည်ပတ်ပါမည်။
- Island Cuisine Restaurant တွင် ညစာသုံးဆောင်ပြီးနောက် Wings of Timeတွင်လေဆာမီးရောင်စုံအလှ၊ ရေပန်းအလှစသည့် Show များကိုကြည့်ရှုခံစားပြီးဟိုတယ်သို့်ပြန်လည်အိပ်စက်အနားယူပါမည်။

Mt.Faber


Sentosa Island

Sentosa Island

Universal Studio


Universal Studio

Universal Studio

Wings of Time
Day 03: စကာၤပူ
- Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် Garden By the Bay ရှိ Flower Dome သို့ သွားရောက်လည်ပတ်ပါမည်။
- ထို့နောက်နေ့လည်စာကို Seoul Garden Restaurant တွင်KBBQဖြင့်သုံးဆောင်ပြီးစင်္ကာပူနိုင်ငံ၏ နာမည်ကြီး Shopping Area ဖြစ်သောBugis နှင့်Orchard Roadတို့တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။
- ညစာကို Mooi Chin Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်သို့အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

Flower Dome

KBBQ



Bugis Street


Orchard Road


Mooi Chin Restaurant
Day 04: စင်ကာပူ
- နံနက်စာသုံးဆောင်ပြီးနောက် ဗုဒ္ဓစွယ်တော်ရှိရာ Buddha Tooth Temple သို့သွားရောက် ဖူးမြော်ပြီး လူကြီးလူငယ်မရွေးသဘောကျနှစ်ခြိုက်ကြသော အမြင်အာရုံလှည့်စားနိုင်သည့် 3D ပန်းချီကားများရှိရာ Trick Eye Museum သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။
- နေ့လည်စာသုံးဆောင်ပြီးနောက် စကာၤပူနိုင်ငံ၏ အကြီးဆုံး Shopping Mall ဖြစ်သော Vivo City သို့ ပျော်ရွှင်စွာလည်ပတ် ဈေးဝယ်ထွက်ပါမည်။
- Qian Xi Restaurant တွင် ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

Buddha Tooth Temple

Trick Eye Museum


Trick Eye Museum

Trick Eye Museum

Vivo City


Vivo City

Day 05: စင်ကာပူ – ရန်ကုန်
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Changi International Airport မှ ရန်ကုန်မြို့သို့ ပျော်ရွှင်အေးချမ်းစွာပြန်လည် ထွက်ခွာမှာ ဖြစ်ပါသည်။



ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ
- လေယာဉ်လက်မှတ် (ရန်ကုန်-စကာၤပူ-ရန်ကုန်)။
- ခရီးစဉ်တစ်လျှောက် Air Con Mini Bus အကြိုအပို့။
- ခရီးစဉ်တွင်ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာနှင့် ဝင်ကြေးများ။
- နေ့စဉ်သောက်သုံးသည့် ရေသန့်။
- 3 (or) 4 -Star အဆင့်ရှိ Hotel များတွင် တည်းခိုခြင်းများ။
- Local English Speaking Guide ဝန်ဆောင်မှု။
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ။
- ဟိုတယ်တွင် အပိုသုံးစွဲသောအအေး၊ အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ Mini Bar အသုံးပြုခ။
- စားသောက်ဆိုင်များတွင်အပိုသုံးဆောင်သောအအေးနှင့် အဖျော်ယမကာ။
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ။
“ အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”